ဗိုလ်ချုပ်ကြေးရုပ်မထားရှိရေး ကရင်နီ(ကယား)ပြည်နယ် လူမျိုးစုလူငယ်များ စုပေါင်းဆန္ဒပြ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မထားရှိရေးအတွက် ပြည်နယ်တွင်းရှိ တိုင်းရင်းသားလူမျိုးစု လူငယ်များစုပေါင်း၍ ယနေ့( ဇူလိုင် ၃) လွိုင်ကော် မြို့ပေါ်တွင် စစ်ကြောင်း သုံးကြောင်းဖြင့် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒထုတ်ဖော်ကြသည်။

  • Author:
  • Date: July 4th, 2018
  • Category: News

ကချင်လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှုတွဲ ချေဖျက်ရန် လျှောက်တင်

တပ်မတော် အသေရေ ဖျက်မှုဖြင့် အရေးယူခြင်းခံထားရသော ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ (၃)ဦး အမှုကို ချေဖျက်ပေးရန် ကချင်ပြည်နယ်တရား လွှတ်တော် သို့ ယနေ့ လျှောက်တင်ခဲ့ကြောင်း သိရပါသည်။

  • Author:
  • Date: July 4th, 2018
  • Category: News

တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အစိုးရဘက်ကရှောင်လွှဲနေဟု နိုင်ဟံသာပြော

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC – ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် တိုင်းရင်းသားများ တောင်းဆိုလျက်ရှိသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုဆွေးနွေးရန် အစိုးရဘက်က ရှောင်လွှဲနေဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

  • Author:
  • Date: July 3rd, 2018
  • Category: News

၁၉၉၄ အပစ်ရပ် စာချုပ်အတိုင်း ဆက်သွားရန် တပ်မတော်နှင့် KIO ညှိနှိုင်း

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် တပ်မတော်နှင့် လွန်ခဲ့သည့် ၁၉၉၄ အပစ်ရပ်စာချုပ် အတိုင်း ဆက်သွားရန် ညှိနှိုင်းမှုရှိခဲ့ကြောင်း ဇွန်လကုန်ပိုင်း အဖွဲ့အတွင်းအစည်းအဝေး တခုတွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားခဲ့သည်။

  • Author:
  • Date: July 3rd, 2018
  • Category: News

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို အားရကျေနပ်မှုမရှိကြောင်း မွန် ၂ ပါတီပြော

လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ပါဝင်ဆွေးနွေးမည့် အချက်များကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့က အားရကျေနပ်မှု မရှိကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူများက ပြောသည်။

  • Author:
  • Date: July 3rd, 2018
  • Category: News

၂၁ ရာစုပင်လုံတတိယအစည်းအဝေး ဇူလိုင် ၁၁ ရက်နေ့မှစ၍ ၆ ရက်ကြာကျင်းပမည်အတည်ပြု

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို လာမည့် ဇူလိုင်လ(၁၁) ရက်နေ့မှစတင်၍ (၆) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း နေပြည်တော် NRPC ရုံး၌ ယမန်နေ့က ကျင်းပသော (၁၅) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှ အတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။

  • Author:
  • Date: July 2nd, 2018
  • Category: News

ညီလာခံတွင် မပါဝင်နိုင်သူများ၏သဘောထားလွှမ်းခြုံနိုင်ရေး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတိုက်တွန်း

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် ပါဝင်ဆွေးနွေးကြမည့် PPST အဖွဲ့ဝင်များအနေဖြင့် လက်မှတ်မထိုးရသေးသည့် EAOs များရှိနေသေးသည်ကို သတိမူရန်နှင့် မပါဝင်နိုင်သူများ၏ သဘောထားလွှမ်းခြုံနိုင်ရေး ကြိုးစားလုပ်ဆောင်ကြရန် PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းပြောဆိုလိုက်သည်။

  • Author:
  • Date: July 2nd, 2018
  • Category: News

ပါတီဝင် တစ်သောင်းဝန်းကျင်ရှိပြီးဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ပြော

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) စတင်တည်ထောင်ပြီး ပါတီ စည်းရုံးရေးစဆင်းသည့် သုံးလအတွင်း ပါတီဝင် တစ်သောင်းဝန်းကျင်ရှိလာပြီးဖြစ်သည်ဟု ပါတီဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

  • Author:
  • Date: July 2nd, 2018
  • Category: News