ပထမတန်း ကရင်စာသင်ရိုး ဖတ်စာအုပ်ကို အစိုးရဘတ်ဂျက်ဖြင့် ထုတ်ဝေမည်

အစိုးရကျောင်းများတွင် သင်ကြားမည့် ပထမတန်း ကရင်စာသင်ရိုး ဖတ်စာအုပ်ကို အစိုးရဘတ်ဂျက်ဖြင့် ထုတ်ဝေသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇွန် ၃ရက် နေ့တွင် ကော့မှူးမြို့နယ်၊ ဝါးသင်္ခကျေးရွာ၊ မင်္ဂလာသိမ်ကုန်းကျောင်းတိုက်၌ ပြုလုပ်သည့် ကရင်စာသင်ရိုး မွမ်းမံသင်တန်းဆင်းပွဲတွင် ပြောသည်။ ဝန်ကြီးက “ကျမတို့ အခုဆိုလို့ရှိရင် ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ပို့ထားတယ်။ အတည် ပြုပြီးသွားရင် ပညာရေးဝန်ကြီးဌာနကို ပို့မယ်။ ပညာရေးဝန်ကြီးဌာနက စာအုပ်ထုတ်မယ်။ လောလောဆယ် မြို့နယ်အလိုက် ဆရာ၊ ဆရာမတွေ ကိုင်တွယ်ဖို့အတွက်ပဲ ပေးထားတယ်။ လာမယ့် ဆယ်လပိုင်းကုန်တာနဲ့ ကျောင်းသူကျောင်းသားတွေကိုင်ဖို့ အတွက်ပါ စာအုပ်တွေကို အစိုးရဘတ်ဂျက်နဲ့ ထပ်ထုတ်ပေးမှာဖြစ်ပါ တယ်” ဟု ပြောသည်။ လက်ရှိ သုံးနှစ်တာအချိန်အတွင်း ကရင့်သမိုင်းပြုစုရေးနှင့် ကရင်-ဗမာ-အင်္ဂလိပ် အဘိဓာန်ပြုစုရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့ပြီး […]

  • Author:
  • Date: June 5th, 2019
  • Category: News

လူငယ်များချိတ်ဆက်မှုအားကောင်းစေရန် ကရင်ဖြူလူငယ်အဖွဲ့ ဖွဲ့စည်း

ဒေသအသီးသီးရှိ ကရင်ဖြူလူငယ်များချိတ်ဆက်မှုအားကောင်းစေရန်နှင့် ကရင်ဖြူအရေး စုပေါင်းလုပ် ဆောင် နိုင်ရန်ရည်ရွယ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အောင်နန်းချိုကျေးရွာတွင် လူငယ်များစုပေါင်း၍ ကရင်ဖြူလူငယ်အဖွဲ့အစည်း(Karenphyu Youth Organization- KPYO)ကို ဖွဲ့စည်းတည်ထောင်လိုက်သည်။ အောင်နန်းချိုကျေးရွာတွင် ဇွန်လ ၂ ရက်မှ ၃ရက်အထိ ကျေးရွာအသီးသီးရှိ ကိုယ်စားပြု ကရင်ဖြူလူငယ် ၆၀ ကျော်မှ တွေ့ဆုံကာ ကရင်ဖြူလူငယ်အဖွဲ့ ဖွဲ့စည်းပုံ၊ မူဝါဒ စုပေါင်းရေးဆွဲအတည်ပြု ပြီးနောက် ကရင်ဖြူလူငယ်အဖွဲ့အစည်း-KPYOကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ဖွဲ့စည်းလိုက်သည့် ကရင်ဖြူလူငယ်အဖွဲ့အစည်း -KPYO ဥက္ကဌ စောသန်းတိုးအောင်က“ ကျနော်တို့ ကရင်ဖြူလူ ငယ်တွေက ကိုယ့်အမျိုးသားရေးအတွက် ဒီထက်မက လုပ်စေချင်တယ်။ အဲဒါကြောင့် သေချာတဲ့ မူဘောင်တစ် ခုရှိမှ အဆင်ပြေမှာဖြစ်လို့ အဖွဲ့မဖွဲ့ခင်အဖွဲ့အကြောင်း၊ အဖွဲ့ရဲ့ဖွဲ့စည်းပုံမူဝါဒရေးဆွဲအတည်ပြုပြီးမှ အဖွဲ့ကို ဖွဲ့တာ ဖြစ်တယ်။ အရင်က ကရင်ဖြူလူငယ်ကွန်ယက်ဖွဲ့စည်းထားတာရှိတယ် […]

  • Author:
  • Date: June 5th, 2019
  • Category: News

ဖားကန့် မြေစာပုံပြိုကျမှု လျော်ကြေးကိစ္စအတွက် ကုမ္ပဏီများလုပ်ဆောင်ချက်အား ဒေသခံများ မကျေနပ်

ဖားကန့်၊ ဝှေခါကျေးရွာ ရပ်ကွက် ၆ မြေစာပုံပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များကို ကုမ္ပဏီများက လျော်ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ဆောင်နေမှုပေါ် ကျေနပ် အားရမှုမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၅ ရက်နေ့ ဝှေခါအုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီ ၃ ခုမှ တာဝန်ရှိသူများ၊ ဒေသခံများ ညိနှိုင်းသဘောတူညီချက်အရ ပျက်စီးသွာသည့် အိမ်ထောင်စု၂၇အိမ်ကို ကုမ္ပဏီများဘက်မှ နဂိုမူလအတိုင်း ပြန်လည် လုပ်ဆောင်ပေးရန်နှင့် ၁ အိမ်ထောင်လျှင် မြန်မာကျပ်ငွေ ၅ သိန်းတိတိပေးရန် ဖြစ်သော်လည်း လက်ရှိတွင် ရတနာသိန်းရွှေ ကုမ္ပဏီ ၁ ခုတည်းသာ ဆောင်ရွက်ပေးနေသောကြောင့် လုပ်ငန်း ကြန့်ကြာနေသည့်အပြင် ငွေကျပ် ၅ သိန်းကိုလည်း ပေးလျှော်ခြင်း မရှိသေးကြောင်း ဒေသခံ ဦးဇော်ဦး ကချင်သတင်းဌာန KNG သို့ပြောဆိုပါသည်။ “ပျက်စီးသွားတဲ့ […]

  • Author:
  • Date: May 31st, 2019
  • Category: News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှု မြှင့်တင်ရေးအတွက် နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၃၀ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်မွန်ပြည်သစ်ပါတီ ဦးဆောင်ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

  • Author:
  • Date: May 31st, 2019
  • Category: News

ကျပ် (၆) သိန်း တောင်းယူခဲ့သည်ဟုဆိုကာ ရဲတပ်ကြပ်တစ်ဦးအား အဂတိကော်မရှင် နှင့် နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာ၌ ဘိန်းစာရွက်ဖမ်းဆီးရမိခဲ့သဖြင့် အမှုရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်ထံမှ ရဲတပ်ကြပ်တစ်ဦးက ငွေကျပ် ၆ သိန်း လက်ခံတောင်းယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ရုံးနှင့် နိုင်ငံတော်အကြီးအကဲများထံသို့ တိုင်ကြားစာပေးပို့ထားကြောင်း သတင်းရရှိသည်။ သံဖြူဇရပ်မြို့မရဲစခန်း၌ ဘိန်းစာရွက်မှုနှင့်ပတ်သက်၍ ပုဒ်မ ၁၆ (ဂ) ၊ ၂၀ (က) တို့ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသော မောင်ဟိန်းမင်းလတ်၏ မိခင်ဖြစ်သူ ဒေါ်ညွှန့်ရီက ရဲတပ်ကြပ် ကျော်ဇင်ဦးနှင့် ဝယ်သွန်ချောင်ကျေးရွာ ရပ်မိရပ်ဖအဖွဲ့ဝင်နှစ်ဦးတို့ထံ အသိသက်သေရှေ့မှောက်တွင် ငွေကျပ် (၆) သိန်းတိတိကို မေလ ၂၀ ရက်နေ့က ပေးအပ်ခဲ့ရကြောင်း ၎င်းတို့၏တိုင်ကြားထားသော မိတ္တူစာများတွင် ဖော်ပြသည်။ တိုင်ကြားသူ နိုင်တင်မောင်ဦးက “ဒီကိစ္စကို ကျွန်တော်မတိုင်လိုက်လို့ရှိရင် သူတို့ထပ်ခါထပ်ခါ ငွေလာညှစ်နေဦးမယ်။ အရှေ့မှာလည်း ထိုနည်းတူစွာပဲ သူတို့ လုပ်လာတာ သုံးလေးကြိမ်ရှိနေပြီး၊ ဒါကြောင့် […]

  • Author:
  • Date: May 29th, 2019
  • Category: News

လမိုင်းမြို့ အကြမ်းဖက်မှု ထပ်မံဖြစ်ပွားပါက ပစ်သတ်ရန် ညွှန်ကြားထား

လတ်တလော လမိုင်းမြို့တွင် ဖြစ်ပေါ်နေသည့် တရားမဝင် ငွေစုမဲကိစ္စကို ဥပဒေကြောင်းအရဖြေရှင်းသွားရန်နှင့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာပါက ပစ်သတ်ခွင့်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ညွှန်ကြားထားသည်။ ဒေသခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟ၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် လမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မေလ ၂၄ ရက်က လမိုင်းမြို့မ အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်ရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ညွှန်ကြားထားခြင်းဖြစ်သည်။ “အများကြီးလုပ်နေစရာအကြောင်း မရှိဘူး။ ဥပဒေအတိုင်းပဲ လုပ်ရမယ်။ ဆူဆူပူပူ မလုပ်နဲ့ ဥပဒေအေ ကြာင်းအရာမဟုတ်တာနဲ့ ပြုလာတယ်။ ရုန်ရင်းဆန်ခတ်ပုံစံနဲ့ ဖြစ်လာတယ်၊ လူမိုက်ပုံစံမျိုးနဲ့ လုပ်လာရင် ပစ်တဲ့အထိ ကျွန်တော်ခွင့်ပြုထားတယ်။ ဥပဒေကြောင်းအရ အဆင့်ဆင့်တားဆီးမယ်၊ ပြောဆိုမယ် မရရင် နောက်ဆုံးအဆင့် ပစ်သတ်ပလိုက် ကျွန်တော်တာဝန်ယူတယ်။ […]

  • Author:
  • Date: May 27th, 2019
  • Category: News

သျှမ်းဒုက္ခသည်များ လုံခြုံရေး ခြိမ်းခြောက်ခံရမှုများရှိနေဟု ဆို

သျှမ်း(ရှမ်း)-ထိုင်းနယ်စပ်တစ်လျှောက်ရှိ တစ်နှစ်ကျော်ကြာ စားနပ်ရိက္ခာအကူအညီဖြတ်တောက်ခံခဲ့ရသော သျှမ်းဒုက္ခသည် (၆,၀၀၀) ကျော်ခန့်သည် လက်ရှိ အစိုးရစစ်တပ်နှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေးတပ်မ တော်(UWSA)တို့၏ နယ်မြေချဲ့ထွင် အင်အားဖြည့်တင်းလာမှုများကြောင့် လုံခြုံရေး ခြိမ်းခြောက်ခံရမှုများရှိနေသည်ဟု သျှမ်းလူ့အခွင့်းအရေးမဏ္ဍိုင်နှင့် သျှမ်းပြည်နယ်ဒုက္ခသည်များဆိုင်ရာကော်မတီ (TB)တို့က မေလ ၂၃ရက် (ယမန်နေ့)တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အစိုးရစစ်တပ်မှ သျှမ်းဒုက္ခသည်များခိုခုံရာ စခန်း(၅)ခု တဝိုက်တွင် အင်အားဖြည့်တင်းခြင်း၊ လမ်းသစ်ဖောက် ခြင်း၊ ဒရုန်းလွှတ်တင်ခြင်းအပြင် ယခုနှစ်ဖေဖော်ဝါရီလက ဒုက္ခသည်စခန်း (၂)ခုတည်နေရာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး UWSA တပ်များအနေဖြင့်လည်း သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်စခန်းအနီးတ ဝိုက်တွင် နယ်မြေတိုးချဲ့မှုများပြုလုပ်နေသည်ဟု ၎င်းထုတ်ပြန်ချက်၌ ဆိုထားသည်။ ထုတ်ပြန်ချက်၏ ပြောခွင့်ရ စိုင်းရွက်လွင်က “ အခုလောလောဆယ်က စားနပ်ရိက္ခာက အရေးတကြီးဖြစ်နေတာ။ အဲ့အတွက် ပြန်လည် […]

  • Author:
  • Date: May 27th, 2019
  • Category: News

တစ်ဖက်စွန်း အမျိုးသားရေးတည်ဆောက်မှု ရှောင်ရှားရန် လူငယ်များအား KNU တိုက်တွန်း

မတူညီသည့် တိုင်းရင်းသားများနေထိုင်ရာ နိုင်ငံဖြစ်သည့်အတွက် တစ်ဖက်စွန်းအမျိုးသားရေး တည်ဆောက်မှုကို ရှောင်ရှားကြ ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရုံးခန်းမ၌ မေလ ၂၃ ရက်နေ့က ကျင်းပသည့် နှစ် ၃ဝ ပြည့် ကရင်လူ ငယ်အစည်းအရုံး-KYOနေ့ အခမ်းအနားတွင် KNU အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက တိုက် တွန်းပြောဆိုသည်။ လူငယ်တွေအနေဖြင့် မိမိလူမျိုးသော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း နိုင်ငံနှင့်ကိုက်ညီပြီး လုပ်ဆောင်ရမည့် ကိစ္စရပ်များကို မတူညီသည့် တိုင်းရင်းသားများနေထိုင်ရာ နိုင်ငံဖြစ်သည့်အတွက် တစ်ဖက်စွန်းအမျိုးသားရေးတည် ဆောက်မှုကို သတိထားရှောင်ရှားရမည်ဟု အခမ်းအနားတွင် ပဒိုစောလှထွန်းက ပြောသည်။ “လူမျိုးရေး အဓိကရုဏ်းအလိုမရှိဘူးဆိုတဲ့ တောင်းဆိုချက်ဟာ အမျိုးသားရေးတစ်ဖက်စွန်းမဖြစ်ဖို့ အခြေခံအချက်ဖြစ်ပါတယ်။ အနာဂတ်လူငယ်တွေကို တည်ဆောက်ပြုစုပျိုးထောင်မှု မလုပ်ပေးဘူးဆိုရင် လူမျိုးရဲ့ဂုဏ်ဝိသေသ လက္ခဏာဖြစ်တဲ့စာပေစကား ဘာသာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့တွေ ပျောက်မှာဖြစ်တယ်။ အပြန်အလှန်နားလည်မှု […]

  • Author:
  • Date: May 27th, 2019
  • Category: News