မွန်ပြည်နယ် ၁၀ မြို့နယ်မှ လူထုများပါဝင်သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒထောက်ခံပွဲကို မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံ၌ ယမန်နေ့က ကျင်းပခဲ့ရာ လူ ၄၀၀၀ ကျော်ခန့် ပါဝင်လှုပ်ရှားခဲ့ကြောင်း တွေ့ရှိရသည်။

“၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး-ဒို့အရေး၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီသောအခြေခံဥပဒေများ ရေးဆွဲ ပြဌာန်းရေး-ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့၏ ဆောင်ရွက်ချက်များအား ထောက်ခံမည်” စသည့် ကြွေးကျော်သံများဖြင့် တောင်းဆိုခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၈ ခန်းကို ပုဒ်မ ၄၃၆ နဲ့ပိတ်ထားပါတယ်၊ အဲဒီမှာ ဥပဒေပုဒ်မတွေ ၁၀၃ ခုရှိပါတယ်၊ လွှတ်တော်ထဲမှာ ဒီ ၄၃၆ ကြောင့် ၂၅% တပ်မတော်သားတွေ ဝင်ထိုင်လို့ရတာပါ၊ ဒီဥပဒေကိုမပြင်ရင် သူတို့ဆက်ထိုင်နေမှာပဲ၊ ဒီအခြေခံဥပဒေပြင်မှလည်း ပြည်သူအများနဲ့ ဖွဲ့စည်းထားတဲ့အစိုးရတရပ် ပီပြင်စွာ ပေါ်ပေါက်လာမှာပါ” ဟု အောင်ဆန်းကွန်ယက် တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သိန်းက ပြောသည်။

ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်ပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့်အထက် သဘောတူပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ရေးမြို့နယ်မှ ထောက်ခံပွဲတက်ရောက်လာသူတစ်ဦးက “ ဒီဖွဲ့စည်းပုံပြင်မယ်ဆိုရင် ကျနော်တို့လူထုက ထောက်ခံမှာပဲ၊ တတ်နိုင်ရင် အသစ်ရေးဆွဲနိုင်ရင် ပိုပြီးတော့ထောက်ခံမယ့်အကြောင်း ပြောချင်လို့ ရေးကနေ မော်လမြိုင်အထိ လာပြီး ကြိုဆိုထောက်ခံပွဲလာတက်တာပါ” ဟု ဆိုသည်။

အလားတူ လူထုထောက်ခံပွဲကို ပြင်ဦးလွင်မြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ယမန်နေ့ကကျင်းပခဲ့ပြီး “၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး အခြေခံဥပဒပြင်ဆင်ပေး၊ တိုင်းရင်းသား ပြည်သူခွင့်တူညီမျှရရှိရေး ဖွဲ့စည်းပုံပြင်ဆင်ပေး” စသည်အချက်တွေကို ဒေသခံ တစ်ထောင်ခန့်က တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ထိန်းချုပ်ရာဒေသနှင့်ဆက်စပ်လျက်ရှိသော ကြာအင်းဆိပ်ကြီး၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့၌ မတ်လပထမအပတ်မှစတင်ပြီး မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်သူများအား ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မုဒုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြား ဆက်သွယ်ထားသော အဘစ်-ခလယ်တံခွန်တိုင်လမ်းမပေါ်ရှိ သရက်ပင်နေရာအနီးတဝိုက်တွင် မတ်လ ၁၉ ရက်နေ့က WY ဆေးပြား (၄၆၀) ကျော်၊ ဘိန်းစာရွက်များနှင့်အတူ လူငယ် ၈ ဦးကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းမိသည်ဟု MNLA အမှတ် (၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီး ဂျလွန်းထောက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“လောလောဆယ် မူးယစ်ဆေးဝါးအမှု ကျူးလွန်တဲ့လူငယ်အယောက် ၄၀ ကျော် ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ ဆက်တိုက်ဖမ်းဆီးမိနေတာရှိနေတော့ ဒီထက်လည်း အရေအတွက် ပိုများလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

အထူးသဖြင့် WY မူးယစ်ဆေးပြားနှင့် ဘိန်းစာရွက်တို့ကို ဒေသခံလူငယ်များအကြား သုံးစွဲလျက်ရှိကြောင်း၊ ဘိန်းစာရွက်ကိုကျိုချက်ပြီး ကိုကာကိုလာအချိုရည်၊ ချောင်းဆိုးပျောက်ဆေးရည်တမျိုးမျိုးတို့ဖြင့် ရောစပ်၍ ကျေးရွာများတွင် လူငယ်များအပြင် လူကြီးအချို့လည်း တွင်ကျယ်စွာသုံးစွဲနေသည်ကို မြင်တွေ့ရကြောင်း ဒုတိယ ဗိုလ်မှုးကြီး ဂျလွန်းထောက ဆက်ပြောသည်။

“မူးယစ်ဆေးဝါးကိစ္စကို ကိုင်တွယ်အရေးယူဖို့ ကျနော်တို့ပါတီမှာ ဥပဒေပြဋ္ဌာန်းထားတာ ရှိပါတယ်။ အဲဒီဥပဒေမှာပါတဲ့အတိုင်း ဖမ်းဆီးရမိတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေ ဘိန်းစာရွက်အနည်းအများအပေါ် မူတည်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူနေတာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် မတ်လ ၁ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် လက်ဝါးဆိပ်ကျေးရွာ၌ ခြံမြေဧရိယာ တစ်ဧကပတ်လည်ခန့်တွင် စိုက်ပျိုးထားသည့် ဘိန်းစာရွက်အပင်များအား မွန်ပြည်သစ်ပါတီ လုံးခြုံရေးတပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးအသွင်ဖြင့်လှုပ်ရှားလျှက်ရှိပြီး ဖြစ်ပေါ်လာသောအနေအထားအရ တခါတရံ ဒေသခံအစိုးရအာဏာပိုင်များနှင့် ပူးတွဲ၍လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း ပြစ်မှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူနေသလို မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုကိုလည်း ရေးမြို့အရှေ့ဖက်ခြမ်း ဝယ်ဇင်ကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိကြောင်း မွန်ပြည်သစ်ပါတီမှ သိရှိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လဖောင်းရှို အပါအဝင် ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်နှင့် ဗိုလ်ချုပ်အောင် ဆန်းရုပ်တု ဖြစ်မြောက်ရေးကော်မတီတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး၏ ရန်သူများနှင့် ကျေးဇူးကန်းသူများအဖြစ် သတ်မှတ်ကြေညာကြောင်း ကရင်နီပြည်လူငယ်အင်အားစုခေါင်းဆောင်များက မတ်လ ၂၅ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိဝန်ကြီးချုပ်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖြစ်မြောက်ရေးအတွက် ပါဝင်ကြိုးပမ်းသူများအနေဖြင့် ကရင်နီပြည်နှင့် ကရင်နီပြည်သူများ၏ သမိုင်းအား ဖျောက်ဖျက်ရန်ကြိုးပမ်းသူများအဖြစ် ရှုမြင်ခြင်းကြောင့် ယခုလို သတ် မှတ်ကြေညာလိုက်ရခြင်းဖြစ်သည်ဟု ကြေညာမှုတွက် ပါဝင်လက်မှတ်ရေးထိုးခဲ့သူ ခူးကြူးဖဲကေးက ကေအိုင်စီသို့ ပြောသည်။

“ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနဲ့ ဦးအယ်လဖောင်းရှိုနဲ့ဦးမော်မော်တို့က ကျနော်တို့ သမိုင်းကို ဖျောက်ဖျက်အောင် လုပ်တယ်။ သမိုင်းကို ဖျောက်ဖျက်အောင်လုပ်တာ ကျနော်တို့လူမျိုးကို ဖျောက်ဖျက်အောင်လုပ်တာပဲ ဖြစ်တယ်။ လူမျိုး တုန်းသတ်ဖြတ်တာက စစ်ရာဇဝတ်မှုလို့ ပြောရင်သမိုင်းကို ဖျောက်ဖျက်အောင် ပြုလုပ်တဲ့ သူအကုန်လုံးက နိုင်ငံရေး ရာဇ ဝတ်ကောင်တွေဖြစ်တယ်။ ဆိုတော့ ဒီလူတွေကို ကျနော်တို့က နိုင်ငံရေးရာဇဝတ်ကောင်တွေအနေနဲ့ တိတိလင်းလင်း ကြေ ညာလိုက်တာပဲဖြစ်တယ်”ဟု ပြောသည်။

၎င်းတို့၏ တောင်းဆိုချက်များသည် ပြည်နယ်၏ ထူးခြားသည့် ဝိသေသတစ်ခုအား အသိအမှတ်ခြင်းခံရရန်အတွက် ဖြစ် ကြောင်း၊ သို့သော် ကြေးရုပ်တုတည်ဆောက်ခြင်း ဖြစ်စဉ်တစ်လျှောက်လုံးတွင် တောင်းဆိုချက်များအပေါ် ပြည်နယ် အစိုးရမှ အသိအမှတ်ပြုခဲ့ခြင်းမရှိခဲ့ကြောင်း၊ ကရင်နီလူငယ်များအနေဖြင့်လည်း ၎င်းတို့၏သမိုင်းကို အဆုံးစွန်ထိ ကာကွယ် သွားမည် ဖြစ်ကြောင်းလည်း ခူးကြူးဖဲကေးက ဖြည့်စွက်ပြောသည်။

ယနေ့ထုတ်ပြန်သည့် ကရင်နီလူငယ်များ၏ ထုတ်ပြန်ကြေညာချက်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတည်ဆောက်ခြင်းအ ပေါ်အချိန်မီ ဝိုင်းဝန်းကန့်ကွက်ခဲ့သော်လည်း ကန့်ကွက်သူများအား ဖမ်းဆီးတရားစွဲဆိုခြင်းများ၊ ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွဲမှုများပြုခဲ့ခြင်းကြောင့် လူထုများသွေးမြေကျခဲ့ရသောနေ့ ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ နေ့အား ကရင်နီပြည်လူထုအရေးတော်ပုံနေ့အဖြစ် တရားဝင် ကြေညာကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့အပြင် အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ခြင်းအတွက် အစိုးရမှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထား သော်လည်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ရံပုံငွေ သိန်းတစ်ထောင်ကျော်ကို အုတ်ခုံအတွက် အသုံးပြုခြင်း၊ ကြေးရုပ် အတွက် သိန်းလေးရာပံ့ပို့ခြင်းကို လွှတ်တော်ကိုပင် အသိမပေးဘဲ မိမိသဘောဖြင့် သုံးစွဲခြင်းသည် အာဏာအလွဲှသုံးစား၊ အဂတိလိုက်စားမှုပင်ဖြစ်သည်ဟုလည်း ကြေညာချက်၌ ဆိုထားသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့်ပတ်သက်၍ ကရင်နီပြည်လူငယ် အင်အားစု၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗ ဟိုဌာန-NRPCနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPPတို့ပါဝင်သည့် ငါးပွင့်ဆိုင်တွေ့ဆုံမှု ပြုလုပ်ခဲ့သော်လည်း တစ်စုံတရာ သဘောတူညီမှုမရရှိခဲ့ကြောင်း သိရသည်။

လာမည့် ဧပြီလ အတွင်း၌ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမပါဝင်သည့် လေးပွင့်ဆိုင်တွေ့ ဆုံမှုကို ထပ်မံ ပြုလုပ်သွားရန်ရှိသည်ဟုလည်း ကရင်နီလူငယ်များက ဆိုသည်။

အစိုးရနှင့် ပြည်သူလူထုတို့ ယခုထက် ပိုမိုထိတွေ့ဆက်ဆံပြီး အပြန်အလှန် ပူးပေါင်းပါဝင်ကြရန် လိုအပ် ကြောင်း ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ(Karen State Civil Society Organizations Network-KSCN)က ယနေ့(မတ်လ ၂၅ ရက်) အကြံပြု ပြောဆိုလိုက်သည်။

ဖားအံမြို့၊ ကန်သာယာအနီးရှိ တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်သည့် ပြည်သူ့ ဆက်ဆံရေးနှင့် ပြည်သူပူးပေါင်း ပါဝင်မှု၊ ကရင်ပြည်နယ်ရှိ ဒေသန္တရအုပ်ချုပ်ရေးနှင့် ရပ်ရွာလူထုများကို အားပေး မြှင့်တင်ခြင်း စာတမ်းမိတ် ဆက်ပွဲနှင့် ပြည်သူ့ဖိုရမ်တွင် ယခုလို ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

KSCN အဖွဲ့ဝင် ဖားအံပညာရေးဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးသန်းအောင်က “ဥပမာ- အစိုးရက ဘာစီမံကိန်း၊ လုပ်ငန်းကို လုပ်ထားတယ်၊ လုပ်မယ်ဆိုတာ ပြည်သူကိုချပြဖို့ သတင်းစာမီဒီယာတွေက ယေဘုယျဆန်တယ်။ အစိုးရအနေနဲ့ ရွာအလိုက်၊ မြို့နယ်အလိုက် ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်မယ့် စကားဝိုင်း၊ တွေ့ ဆုံပွဲ၊ သတင်းစာရှင်းလင်းပွဲတွေကို ပုံမှန်လေး ပြုလုပ်သွားနိုင်ရင်တော့ ပိုကောင်းမယ်”ဟု ကေအိုင်စီသို့ ပြော သည်။

ပညာရေးကဏ္ဍအနေဖြင့် အစိုးရပညာရေးဌာန၊ ပညာရေးဆိုင်ရာအရပ်ဖက်လူမှုအဖွဲ့နှင့် မိဘပြည်သူများက ပ ညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးရန် လိုအပ်သလို အခြား တစ် ဖက်တွင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများအချင်းချင်း တွေ့ဆုံဆွေးနွေးသွားခြင်းဖြင့် ပြည်သူ ပူးပေါင်းပါဝင်မှုအား ပိုကောင်းလာမည်ဟု မြင်မိကြောင်း ဦးသန်းအောင်က ဆက်ပြောသည်။
image.png

ထို့အပြင် ယနေ့အခမ်းအနား၏ ဝိုင်းဖွဲ့ဆွေးနွေးခြင်းအစီအစဉ်တွင်လည်း ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့ အစည်းများ (KSCN) ကိုယ်စား ဆရာကျော်စွာမှ အစိုးရနှင့် ပြည်သူလူထုတို့ အပြန်အလှန် ထိတွေ့ဆက်ဆံ ပူးပေါင်းပါဝင်မှု အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်းလည်း ဆွေးနွေးပြောကြားခဲ့သည်။
ပြည်သူ့ ဆက်ဆံရေးနှင့် ပြည်သူပူးပေါင်းပါဝင်မှု စာတမ်းမိတ်ဆက်ပွဲနှင့် ပြည်သူ့ဖိုရမ်ကို Another Develo pment (AD) မှ ကမကထပြုလုပ်ပြီး အစိုးရဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ကရင်ပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ KSCN မှ တာဝန်ရှိသူများ စုစုပေါင်း ၈၀ ဦးကျော် တက်ရောက်ခဲ့သည်။

ကရင်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး စောစံလှမြင့်က “ဒေသန္တရဖွံ့ဖြိုး တိုး တက်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းနဲ့ ပြည်သူတွေ တသွေးတည်းတသားတည်းဖြစ်ဖို့လိုတယ်။ ပြည်သူတွေ က ဌာနဆိုင်ရာကို ယုံကြည်လေးစားဖို့လိုတယ်။ ဒီလိုလေးစားမှပဲ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ ပြည်သူတွေက ပူးပေါင်း ပါဝင်လာမှာဖြစ်တယ်။ ဒီလိုမျိုး workshop တွေလည်း များများလုပ်ပေးသင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနားအစီအစဉ်တွင် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌ စောချစ်ခင်မှ အဖွင့်အမှာ စကား ပြောကြားခြင်း၊ AD မှ စီမံကိန်း အကြောင်းရှင်းလင်းမိတ်ဆက်ခြင်း၊ သုတေသနစာတမ်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ အမေးအဖြေ ကဏ္ဍနှင့် ဝိုင်းဖွဲ့ဆွေးနွေးခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။