AA ကြောင့် လိုင်ဇာကို တိုက်မည်ဆိုသော တပ်မတော်ပြောဆိုချက် မှန်ကန်သည့်နည်းလမ်းမဟုတ်ဟု KIO/KIAတုံ့ပြန်

0
159

၁ ဧပြီ ၂၀၂၀

ရကိ္ခုင့်တပ်တော် (ULA/AA) ရှိမည်ဆိုပါက လိုင်ဇာကို တိုက်ခိုက်မည်ဆိုသော တပ်မတော် ပြောဆိုချက်အား မှန်ကန်သည့်နည်းလမ်းမဟုတ်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က တုံ့ပြန်ပြောဆိုလိုက်ပါသည်။

KIO/KIA သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက “AA တွေကို အခုလို မျိုးပုံစံနဲ့ပေါ့ စစ်ရေးနဲ့ ဖြေရှင်းတာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ကျနော်တို့က သဘောထား က အဲလို ရှိပါတယ် ဆိုပြီး အကြောင်းကြားထားပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ တပ်မတော်၏ လုပ်ဆောင်ချက်သည့် လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို ထိခိုက်နိုင်သည်ဟု ၄င်းက ဆိုသည်။

“တပ်မတော်နဲ့ အစိုးကလည်း လက်မခံဘူးဆိုရင်တော့ ထိခိုက်နိုင်တာပေါ့။ ဒါပေမယ့် တစ်ဖက်ကနေ ဆွေးနွေး မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်ပါတယ်။ ကျနော်တို့ ၄ ဖွဲ့ကလည်း ဆွေးနွေးဖို့ ဒီနိုင်ငံ ရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ သွားဖို့ ဖြစ်ပါတယ်”။
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG )မှ ဦးလမိုင်ဂွန်ဂျာ က လည်း “မြောက်ပိုင်း ၄ ဖွဲ့ လည်းပဲ အစိုးရတွေနဲ့ Bilateral လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တစ်စိုက်မတ်မတ် သူတို့လုပ်ဆောင်နေ တာ ဖြစ်တယ်။ အခုလောလောဆယ် တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် လုပ်ဖို့အဆင်ပြေဘူး။ အဲဒီမှာ အခြေအနေစောင့်ကြည့်ရင်းနဲ့ မတွေ့ဆုံနိုင်တဲ့အချိန်မှာ AA ကို အကြမ်းဖက်အဖွဲ့ဆိုပြီး ပြန်ကြေငြာလိုက်တဲ့အပေါ် အခု ဆက်လက်တွေ့ဆုံဖို့အတွက် ဆိုတာကလည်း ကျနော်တို့လည်း ဆက်လက် ညှိနှိုင်းနေဆဲပဲ” ဟု ပြောသည်။

ULA/AA ကို KIO ဌာနချုပ် လိုင်ဇာကနေ မောင်းထုတ်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက PCG ကနေတစ်ဆင့် ပြောဆိုလာသည့်အပေါ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူးထံ ပေးပို့သော KIO/KIA၏ စာထဲတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကို နှစ်ဖက်တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းဖြစ်သာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုအဖွဲ့ FPNCC အဖွဲ့၀င် အဖွဲ့အစည်းများသို့ အကြောင်းကြားထားသော်လည်း အဆိုပါ အဖွဲ့ များထံမှ တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA သည် လိုင်ဇာတွင် ၎င်းတို့၏ ဌာနချုပ် အနေဖြင့် မရှိဘဲ သင်တန်း ပြုလုပ်သည့် အနေအထားတွင်သာ ရှိသည်ဟု KIO/KIA က ဆိုသည်။ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral ) လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် မြောက် ပိုင်း မဟာမိတ် ၄ ဖွဲ့မှာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (AA) တို့ဖြစ်သည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေစဉ် အစိုးရမှ ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရား အသင်းအဖြစ် ကြေငြာခဲ့သည့်အတွက် လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ခက်ခဲလာနိုင်သည်ဟု တိုင်း ရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here