လွိုင်ကော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် ယာဉ်တန်းအား ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပေါင်းအဖွဲ့ ချုံခိုတိုက်ခိုက်

0
218

၂၃ ဇူလိုင် ၂၀၂၁

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာနဲ့ ကျောက်ကုန်းကျေးရွာအနီး ရိက္ခာ နဲ့ တပ်အင်အား အပြည့်သယ်ဆောင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့ ပူးပေါင်းပြီး ချုံခိုတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဖက်မှ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDFသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ဇူလိုင်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့ဖက်ဦးတည်ပြီး လူ၊ ရိက္ခာ၊ လက်နက်၊ လား၊ မြင်း ကို ဇူလိုင်လ ၂၃ရက်နေ့ နံနက်ပိုင်းမှာ သယ်ဆောင်လာပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘောလခဲမြို့၊ ဖရူဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လျက်ရှိကာ တပ်အင်အား၊ ရိက္ခာ ဖြည့်တင်းရန် ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း ဘီယာကျေးရွာနဲ့ ဒိုမိုခိုကျေးရွာတို့မှာလည်း ဇူလိုင်လ ၂၂ရက်နေ့မှာ စစ်ကြောင်း တပ်ဖြန့်ပြီး ဘောလခဲမြို့နဲ့ဖရူဆိုမြို့နယ်ကြား နန်းဖဲကျေးရွာနဲ့ ကလိလျားကျေးရွာဖက်မှာ လှုပ်ရှားနေတဲ စစ်ကောင်စီတပ်က နန်းဖဲမှတဆင့် ဖားဆောင်းမြို့နယ်အတွင်း အကြမ်းဖက်နယ်ချဲ့စစ်ဆင်ရေးပြုလုပ်နေတယ်လို့ သိရပါတယ်။

ပျောက်ကျားတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြေကုပ်ယူထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီမှ စစ်ဆင်ရေးပြုလုပ်နေတဲ့အတွက် တိုက်ပွဲအချိန်မရွေး ထပ်မံဖြစ်ပွားနိုင်တာကြောင့် ပြည်သူများအနေနဲ့ လုံခြုံရေးသတိရှိကြပါဖို့ KNDFသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here