မုဒုံမြို့နယ် နှီးပဒေါရွာ အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

0
248

၂ သြဂုတ် ၂၀၂၁

မုဒုံမြို့နယ် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းအား ပြီးခဲ့သည့်ညနေပိုင်း (ဇူလိုင် ၃၁) က နေအိမ်၌ သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရပြီး သံဖြူဇရပ်မြို့ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ညနေ ၆ နာရီအချိန်ခန့်တွင် ဦးမန်း နေအိမ်သို့ ဆိုင်ကယ်ဖြင့် သေနတ်သမား ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျောတွင် ၄ ချက်၊ ပေါင်တွင် တစ်ချက် ရရှိဒဏ်ရာဖြင့် သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံ သို့ပို့ဆောင် ကုသခဲ့ရာ ည ၇ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် အာဏာပြန်ရလာသည့် ဦးမန်းသည် ဦးသိန်းစိန်အစိုးရလက်ထက် နှီးပဒေါရွာ အုပ်ချုပ်ရေးမှူးအောင်တစ်ဦးဖြစ်ပြီး ရွာသားများအား ဧည့်စာရင်းစစ်၍ အာဏာပါဝါပြနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ကြောင်း Fecebook လူမှုစာမျက်နှာများပေါ်တွင် ဝေဖန်ခံနေသူ ဖြစ်သည်။

သို့ရာတွင် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ အသစ်ပြန်လည်ရွေးချယ်ခန့်အပ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ လုပ်ကြံပစ်သတ်ခံနေရခြင်းဖြစ်ပြီး လက်သည်တရားခံများအား သက်ဆိုင်ရာအာဏာပိုင်များက ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here