မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် မီဇိုရမ်အထက်လွှတ်တော်အမတ် တောင်းဆို

0
183

၁၆ စက်တင်ဘာ ၂၀၂၁

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော အိန္ဒိယအထက်လွှတ်တော်အမတ် Lok sabha MP Pu C. Lalrosanga က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို အမြန်ဆုံး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။

Pu C.Lalrosanga သည် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush Goyal တို့ကို တွေ့ဆုံးခဲ့ပြီး ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း Zonet သတင်းတွင် ဖော်ပြသည်။

Pu C.Lalrosanga က လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြခဲ့ပြီးနောက် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့ မှုများဆောင်ရွက်ပေးရန်နှင့် ငွေကြေးအပြင် ဆေးဝါးများနှင့် အခြားလိုအပ်ချက်များ အကူအညီရရှိနိုင်သမျှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်ထဲမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်အမတ် ၁၄ ဦး အပါအဝင် မြန်မာနိုင်ငံက လာရောက်ခိုလှုံ နေသူ မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၉၀၀၀ ကျော်ရှိသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here