လိုင်ဇာအနီးရှိ ကိုဗစ်ကာကွယ်ရေးစင်တာနှင့် မိုင်းဆက်ပါရွာသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေဟုဆို

0
230

၁၆ စက်တင်ဘာ ၂၀၂၁

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ KIO ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးစင်တာ နှင့် ပြည်သူများနေထိုင်သည့် မိုင်ဆတ်ပါကျေးရွာနေရာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO/KIA က ပြော သည်။

စက်တင်ဘာလ ၁၅ ရက်နေ့ (ယမန်နေ့) ညက စစ်ကောင်စီတပ်ဘက်က လိုင်ဇာအနီး ပတ်ဝန်းကျင်ကို လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်အချို့သည် မိုင်ဆတ်ပါကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည် ဟု KIO သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ဒါက ကျနော်တို့ မိုင်ဆတ်ပါ၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာပေါ့ အဲ့ဒီနားမှာ နှစ်လုံးကျသွားတာ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ပြည်သူလူထုရှိတဲ့နေရာရွာလည်း ဖြစ်နေတယ်။ နောက် အခုနက ပြောသလို ကျနော်တို့ရဲ့ ရောဂါထိန်းချုပ်နယ်မြေလည်း ဖြစ်နေတယ်။ ကျနော်တို့ KIA တပ်စခန်းတွေလည်း မရှိပါဘူး။ အဆိုတော့ အဲ့ဒီပြည်သူလူထုရှိတဲ့နေရာကို သူတို့ သိပြီးရဲ့သားနဲ့ အဲ့ဒီဘက်မှာ ပစ်မှတ်ထားပြီးတော့မှ ပစ်တာက တော့ မေးခွန်းထုတ်စရာ ရှိပါတယ်နော်။ ကျန်တဲ့နေရာက ဘယ်မှာ ကျတယ်ဆိုတာ ကျနော်ဘာမှ ပြောစရာ မရှိ ပါဘူး။

စက်တင်ဘာလ ၁၅ ရက်နေ့ (ယမန်နေ့) ည ၁၀ နာရီဝန်းကျင်ခန့်တွင် မိုင်ဆတ်ပါနေရာအပါအဝင် လိုင်ဇာအနီးတ ဝိုက်အား စစ်ကောင်စီက လက်နက်ကြီး ၅ လုံးခန့် ပစ်ခတ်ခဲ့သည့်အပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အခြားမည်သည့်နေရာမျိုးတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို မပြောဆိုနိုင်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်သည့် စင်တာရှိသည့် မိုင်ဆတ်ပါနေရာကို ပစ်ခတ်ခဲ့ခြင်းသည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းကိုပါ ထိခိုက်စေသည်ဟု KIO/KIA က ဆက်ပြောသည်။

“အထူးသဖြင့် အဲ့ဒီနေရာကတော့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။ ဒါက အားလုံးရဲ့ တာ ဝန်ဖြစ်ပါတယ်။ တပ်မတော်မှာလည်း တာဝန်ရှိပါတယ်နော်။ သူတို့လည်း လာခဲ့တဲ့ နေရာဖြစ်ပါတယ်။ သူတို့ လည်း ရောက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီလိုမျိုးနေရာမှာ လက်နက်ကြီးနဲ့ ပစ်တယ်ဆို တာကတော့ ဒီပြည်သူလူထုကိုလည်း ဂရုမစိုက်တာဖြစ်တယ်။ နောက်ပြီး ကိုဗစ်ရောဂါကိုလည်း သူတို့က ဘာမှ ဂရုမစိုက် တာမျိုး ပုံစံဖြစ်နေတယ်လို့ ကျနော်က တုန့်ပြန်ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ မိုင်ဆတ်ပါနေရာသည် ၂၀၂၀ ခုနှစ် မေလ ၂၀ ရက်နေ့က တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ရုံး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး ဦးဆောင်ပြီး KIO ထိန်းချုပ်နယ် မြေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းအချို့ကို ရဟတ်ယာဉ်ဖြင့် သွားရောက်ပေးအပ်ခဲ့သည့် နေရာဖြစ် သည်။

ထို့အပြင် ၂၀၂၀ ခုနှစ် မေလ ၁၃ ရက်တွင်လည်း KIO ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီ နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့တွေ့ဆုံခဲ့နေရာလည်း ဖြစ်သည်။

စစ်ကောင်စီတပ်က ယမန်နေ့ ညက ပစ်ခတ်ခိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူများ ထိတ် လန့်နေရာသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

“အခုနက ပြောသလိုပေါ့ ပြည်သူလူထုရှိတဲ့နေရာမှာ ရမ်းသမ်းပြီးမှ ပစ်တာကတော့ စစ်တပ်ရဲ့ လိုက်နာရမယ့် စည်းကမ်းကို ချိုးဖောက်တယ်လို့ ပြောလိုပါတယ်။ နောက်တစ်ခုရှိတာကတော့ မသိတဲ့နေရာ လည်းမဟုတ် ဘူး။ သိရဲ့သားနဲ့ ပစ်တာကတော့ ပြည်သူလူထုအတွက် စိတ်ဒုက္ခရောက်ပါတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားမှုကို လည်း အသက်မွေးဝမ်းကျောင်းကိုလည်း ဘာမှ လုပ်လို့မရဘူး။”

မိုင်ဆတ်ပါ ကျေးရွာရှိ ဒေသခံ အမျိုးသမီးတစ်ဦးက “မိုင်ဆတ်ပါ Check point နားမှာလည်း ကျတယ်။ ကို ဗစ်စစ် တဲ့ဂိတ်နားမှာ ကျတာ။ ပြောမယ်ဆိုရင် စင်တာရဲ့ ဂိတ်ပေါ့နော်။ Q Center ရဲ့ တံခါးဂိတ်ပေါ့” ဟု ပြော သည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ စစ်စခန်းမရှိပဲ ပြည်သူများနေထိုင်သည့် ကျေးရွာများထဲသို့ လက်နက်ကြီး များ ဖြင့် ပစ်ခတ်ခြင်းသည် စစ်တပ်က လိုက်နာရမည့် စည်းကမ်းများကို ချိုးဖောက်နေခြင်း ဖြစ်သည်ဟု KIO/KIA က ပြောသည်။

ယခုကဲ့သို့ အရပ်သားများကို တိုက်ခိုက်ခြင်း၊ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မခွဲခြားပဲ ပစ်ခတ်နေခြင်း၊ စစ် ရေးအရ လိုအပ်မှုမရှိပဲ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ စစ်ပွဲများအတွင် အရပ်သား ပြည်သူများကို ထိ ခိုက်စေခြင်းနှင့် ပြည်သူများ၏ မြို့၊ ရွာများနှင့် နေအိမ်များကို ပစ်ခတ်ဖျက်ဆီးခြင်းသည် နိုင်ငံတကာ ပြစ်မှုဆိုင် ရာ တရားရုံး ရောမ ဥပဒေအရ စစ်ရာဇဝတ်မှု (War Crimes) ကို ကျူးလွန်ရာ ရောက်သည်ဟု ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here